Breaking News

ကျောင်း၏မျှော်မှန်းချက်များ

လုပ်သားဈေးကွက် လိုအပ်ချက်နှင့်ကိုက်ညီပြီး အရည်အချင်းပြည့်ဝသော နည်းပညာရှင်နှင့် ကျွမ်းကျင်လုပ်သားများကို စနစ်တကျလေ့ကျင့်သင်ကြားပေးနိုင်မည့် ကျောင်းတစ်ခုဖြစ်လာရန် မျှော်မှန်းထားပါသည်။

ကျောင်း၏ရည်မှန်းချက်များ

နိုင်ငံတော်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသအသီးသီးတွင် လူငယ်၊လူရွယ်များမှ အခြေခံပညာအထက်တန်းအဆင့်မှာပင် နည်းပညာဘာသာရပ်များလေ့လာသင်ကြားခွင့်ရရှိစေရန်၊လူငယ်၊လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့်အတတ်ပညာများလေ့ကျင့်သင်ကြားပေးနိုင်ရန်နှင့် ဒေသအတွင်းနည်းပညာကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်တို့ဖြစ်ပါသည်။

နောက်ခံသမိုင်း

အစိုးရနည်းပညာအထက်တန်းကျောင်း(ချောင်းဉီး)ကို ၂၀၁၀ခုနှစ်၊မေလ(၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းအုပ်ကြီးများအဖြစ် ဉီးတင်မင်းစိုး၊ကထိက၊ME(Mech)မှ (၃.၅.၂၁၀) မှ (၁၈.၉.၂၀၁၂) အထိလည်းကောင်း၊ ဉီးနေမျိုးထက်၊ ဒုတိယပါမောက္ခ၊M.E(Mech) မှ (၁၉.၉.၂၀၁၂) မှ (၈.၆.၂၀၁၇) အထိလည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့ပြီး ဒေါက်တာမျိုးမျိုးကြည်၊ ပါမောက္ခ၊ (Ph.D(Mech)မှ (၉.၆.၂၀၁၇) မှ ယနေ့အထိ ကျောင်းအုပ်ကြီးအဖြစ်တာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။